ကိုယ့်ကိုဘယ်သူတွေ ဝယ်နိုင်လဲဆိုတာကို သိဖို့…

ဒီနေ့ဟာကတော့ SME level လောက်နဲ့ပိုကိုက်ပါလိမ့်မယ်။

စီးပွားရေးတစ်ခုလုပ်တဲ့အခါ အရေးကြီးဆုံးက ကိုယ့်ရဲ့ဝယ်သူဘယ်သူတွေလဲဆိုတာ သေချာသိလေ ပိုအကျိုးရှိလေပါပဲ…ဥပမာ Facebook ပေါ်မှာတောင် ကိုယ်က page ထောင်ပြီးဈေးရောင်းတယ်…ကိုယ့်ပို့စ်ကို Like တော့လုပ်နေကြပါရဲ့….ဒါပေမယ့် အဲ့လူတွေကဘယ်တော့မှ ကိုယ့်ဆီကဈေးမဝယ်ဘူးဆိုရင် ဈေးရောင်းနေတဲ့ page တစ်ခုအနေနဲ့ကတော့ ပျော်မယ်မထင်ဘူးလေနော်…တကယ်ဝယ်မယ့်လူတွေကိုပဲ ကြော်ငြာရခြင်းသည်သာ အကောင်းဆုံးပေ့ါ…အဲ့တော့ ကိုယ့်ရဲ့ niche market က ဘယ်မှာလဲဆိုတာ သိအောင်ဘယ်လိုလုပ်ကြမလဲ…

(၁) ကိုယ့်ရဲ့အကောင်းဆုံးကိုသိဖို့လိုမယ်

ဆိုကြပါစို့…ကိုယ်က Tour Company လေးဖွင့်ထားတယ်…သူများတွေလို နိုင်ငံတိုင်းကိုမရောင်းချင်ဘူး…နိုင်ငံတစ်ခုတည်းကိုပဲသီးသန့် ရောင်းချင်တယ်…ဒါဆိုရင် ကိုယ်အကျွမ်းကျင်ဆုံး နိုင်ငံကိုရောင်းတာဟာ အကောင်းဆုံးပဲ…ဒါမှဘယ်အချိန်မှာ လည်လို့ကောင်းတယ်..ဘာတွေဖြစ်တတ်တယ်…ဘာတွေကတော့ risk ရှိမယ်..အကုန်သိတော့မှ ခရီးစဉ်ဝယ်မယ့်သူကိုလည်း ပြန်ရောင်းလို့ရမှာပေ့ါ…

အဲ့လိုပဲ niche market သွားမယ်ဆိုရင် ကိုယ့်ဝယ်သူတွေကို မပေးခင်ကိုယ်ရဲ့အကောင်းဆုံးကဘာလဲ သေချာသိဖို့လိုအပ်ပါတယ်။

(၂) pain point ကိုသိဖို့လိုပါတယ်

တကယ်တော့ facebook ပေါ်က group တွေကလူတွေဘာအဆင်မပြေဖြစ်လဲ အဆင်ပြေလဲကြည့်ဖို့ကောင်းတဲ့နေရာတွေထဲမှာ တစ်ခုပါပါတယ်။ Digital Marketing group တွေထဲဝင်လိုက်ပြီးအောက်က comment တွေကိုဖတ်ကြည့်လိုက်ရင် လူတွေဘာခက်ခဲနေလဲသိသလိုပေ့ါ…

(၃) ဖြစ်နိုင်မဖြစ်နိုင်ကို မှန်းဆပါ

ကိုယ်ဘယ်လောက် niche သွားသွား..ကိုယ်နဲ့အကြံတူမယ့် သူကရှိနေဦးမှာပါ..အဲ့ဒါကိုတော့ မေ့လို့မရ…ဒီတော့ သူနဲ့ကိုယ်နဲ့ကြားမှာ ကိုယ်ကဝယ်သူကိုဘာနဲ့ပိုဆွဲဆောင်နိုင်မလဲ…ပြီးတော့ market size ကကော ကြီးရဲ့လား…နောက်ထပ် ပြိုင်ဘက် ၃ ယောက်လောက်နဲ့ပြိုင်လုရလို့ ဒီ market size ထဲကလူလည်းကုန်သွားပြီ..ကိုယ်တွေလည်း အကျိုးအမြတ်မရနိုင်ရင်တော့ အစောကတည်းကမစတာကောင်းပါ့။

(၄) အရင်စမ်းသပ်ကြည့်ပါ

ဒီဘက်ခေတ်မှာ တကယ်တမ်းတော့လူတွေကိုမေးရတာအရင်လိုအပြင်တောင်သွားစရာမလို…ကိုယ့်ဘော်ဒါတွေကို online ကနေတောင်မေးလို့ရတယ်။ သူတို့ဆီက အဖြေမှန်ရအောင် ဘယ်လိုမေးရမယ်ပဲတွေးဖို့လိုတာရယ်။

နောက်တစ်ခုက ကိုယ်က media buying အတွက် budget တစ်ခုသုံးနေတယ်ဆိုလည်း သုံးမယ့်ပိုက်ဆံက ၅၀ ဆို ၅၀ လုံးကို audience တစ်ခုတည်းကို ပုံအောလိုက်တာထက် audience တွေကို အမြဲတမ်း ခွဲခွဲပြီးစမ်းသပ်ဖို့လိုတယ်..Facebook မှာဆိုလည်း A/B Testing ဆိုတာ အလှထည့်ထားတာမှ မဟုတ်တာလေနော်…

Call Now Button
×