“USP” (Unique Selling Proposition) ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ဒီလူကို ပြေးမြင်လာမယ် – ရောဆာ ရီးဗစ်။
သူ့အကြောင်းကို နည်းနည်းတူးဆွကြည့်ရအောင်…
ကြော်ငြာလောကမှာ လူတွေက “ကျယ်ကျယ်လောင်လောင် အော်ကြ” တာကို သူမယုံဘူး။
သူယုံတာက – တစ်ကြောင်းတည်း၊ မေ့မရတဲ့ စကားတစ်ခွန်းနဲ့ လူတွေကို ဝယ်ချင်စေဖို့ပဲ။
ဒီအတွေးအခေါ်က ကျွန်တော်တို့ Meggarative မှာ မကြာခဏပြောဖြစ်တယ်။
ဘာလို့လဲဆိုတော့… ဘရန်းတစ်ခုအတွက် အရေးကြီးဆုံးမေးခွန်းက –
“သင့်ကို ရွေးချယ်စေမယ့် တစ်ခုတည်းသော ကတိကဝတ်က ဘာလဲ?”
Rosser Reeves: ဆိုတာ ဘယ်သူလဲ?
၁၉၄၀-၁၉၆၀ ခုနှစ်တွေက Madison Avenue မှာ “အရူးတွေ”လို့ အမည်ရတဲ့ ကြော်ငြာသမားတွေထဲက တစ်ယောက်။
Ted Bates & Company မှာ အလုပ်လုပ်ခဲ့ပြီး “အိမ်တိုင်းသုံး” ဘရန်းတွေကို ဖန်တီးနိုင်ခဲ့တဲ့ အဖွဲ့အစည်းပါ။
အခြားသူတွေက “အနုပညာဆန်တဲ့၊ စိတ်ခံစားမှုကို လှုံ့ဆော်တဲ့” ကြော်ငြာတွေကို လုပ်နေတဲ့အချိန်…
ရီးဗစ်က တစ်ခုပဲဂရုစိုက်တယ် –
“ဒီကြော်ငြာက ကုန်ပစ္စည်းကို တကယ်ရောင်းနိုင်ရဲ့လား?”
ဒါက ကျွန်တော်လည်းအမြဲတွေးဖြစ်တဲ့အထဲမှာပါတယ်။
လှပတဲ့စကားလုံးတွေနဲ့တင် ဘရန်းမတည်ဆောက်နိုင်ဘူး… ကတိကဝတ်တွေနဲ့သာ တည်ဆောက်နိုင်တယ်လို့ ကျွန်တော်ပိုပြီးယုံကြည်တယ်။
USP (Unique Selling Proposition) ဆိုတာ ဘာလဲ?
သင့်ထုတ်ကုန်မှာပဲရှိတဲ့ (အခြားမှာမရှိတဲ့) တစ်ခုတည်းသော အချက်ကို ရှင်းရှင်းလင်းလင်း၊ အထပ်ထပ်ပြောပြီး လူတွေ မေ့မရအောင် လုပ်တာပါ။
ရီးဗစ်ရဲ့ အယူအဆ –
“ဘရန်းတစ်ခုဟာ တိကျတဲ့ကတိတစ်ခုပေးပြီး စားသုံးသူရဲ့ ဦးနှောက်ထဲကို အထပ်ထပ်ထိုးသွင်းရမယ်”
ဒါကြောင့် Meggarative မှာ ကျွန်တော်တို့ Campaign တွေဖန်တီးတဲ့အခါ…
Market ထဲမှာ Noise ဖြစ်သွားစေဖို့တင်မဟုတ်ဘဲ
လူတွေကို ရပ်တန့်၊ မှတ်မိ၊ ယုံကြည်စေမယ့် ထက်မြက်တဲ့ကတိတစ်ခုကို ဖန်တီးပေးဖြစ်တယ်။
ဒီဘဲကြီးလုပ်ခဲ့တဲ့အထဲက နမူနာတချို့ပြောရရင်
M&M’s – “Melts in your mouth, not in your hand.”
Colgate – “Cleans your breath while it cleans your teeth.”
မြန်မာလိုတော့ မပြန်ပြတော့ဘူး…ပေါက်ကရတွေထွက်လာမှာစိုးလို့။
သူ့စကားလုံးတိုင်းက ရှင်းပြီး ရောင်းအားတိုးဖို့အတွက် အထောက်အကူဖြစ်စေတယ်။
ဒီလို ကြည်လင်ပြတ်သားမှုမျိုးကို ကျွန်တော်ကိုယ်တိုင်လည်းသဘောကျတယ်…လိုက်အတုယူဖြစ်တယ်။
၂၀၂၅ မှာ ဒီအတွေးအခေါ်က အရေးကြီးနေသေးလား ?
USP က ဒီနေ့ထိ အရေးကြီးနေဆဲပါ။
iPhone ကို ဘာကြောင့်ရွေးကြတာလဲ?
Nike ကို ဘာကြောင့် ထပ်ခါထပ်ခါ ဝယ်ကြတာလဲ?
အဖြေက ရိုးရှင်းတယ် – ရှင်းလင်းတဲ့ကတိပေးတယ်၊ အထပ်ထပ်ပြောတယ်၊ အာမခံချက်ရှိတယ်…ဒီအချက်တွေကြောင့်ပဲ။
Agency တွေနဲ့ ဘရန်းတွေအတွက် သင်ခန်းစာယူရရင်
၁။ ရှင်းရှင်းလင်းလင်းပြောနိုင်မှုက အလုပ်ဖြစ်တယ်။
၂။ တစ်ခုတည်းသော ကတိပေါ်မှာ အာရုံစိုက်တာ အကောင်းဆုံးပဲ။
၃။ လူတွေ မှတ်မိလာအောင် အထပ်ထပ်ပြောဖို့လိုတယ်။
ဒီခေတ်ကြီးမှာ…
၅စက္ကန့်ပဲ အာရုံစိုက်နိုင်တဲ့ လူတွေ
အဆက်မပြတ် Scroll လုပ်ခံနေရတဲ့ social media
Trend တွေနောက် လိုက်ပြေးနေတဲ့ Brand တွေ
ဒီအခြေအနေမှာ ရောဆာ ရီးဗစ်ရဲ့အဆိုက ပိုပြီးအားကောင်းလာတယ် –
👉 မေ့မရတဲ့စကားကို ပြော
👉 ရိုးရိုးရှင်းရှင်းပြော
👉 လူတွေ သင့်ကိုရွေးချယ်လာအောင် အထပ်ထပ်ပြော
ကျွန်တော်ကတော့ ကြော်ငြာတွေ ဖန်တီးတယ်ဆိုတာထက် ဘရန်းတွေကို မေ့မရအောင် ဖန်တီးပေးရတာကို ပိုရင်ခုန်တယ်။
#marketpreneur